Thursday, December 1, 2011

ယမကာ နိဒါန်း

တစ်ခွက် တစ်ဖလားရယ်နဲ့
ယစ်ရွှေရည် အ၀င်ဆိုးတယ် ဗျ
မျှောချမှ ၀င်စတမ်း......။

အမြည်းရယ်စုံ လူစုံတိုင်း
ခေါင်းစဉ်တပ်တယ်
ယမကာ ဘုံဆိုင်လေးကို လ
မြန်းကြွမယ့် .......နန်း...။

အိမ်အပြန်လမ်းမှာ  လ
ကိုယ်....လက်...ခြေ ယိုင်ကာထိုးလို့
ဂန္ဓလရာဇ် သိုင်းကားတွေလို
မူယာဆန် ဟန်တွေပိုလို့...
သိုင်းကွက် ကျ...နင်း...။

မတက်ခင် ဆရာများရယ်ဖြင့်
အတတ်သင် လက်ချာ ရိုက်ချိန်က....
စ...သောက်ခဲ့ခြင်း.....။

တင်ဇော်သန့်
1-12-2011

No comments:

Post a Comment