Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, December 1, 2011

ဖားကန့်

စက်သံတွေ ညံစီ
မာန်ချီတဲ့ ယာဉ်.....ကား
တစ်နေ့လုံးတွင်မှ
နှစ်နာရီလောက်သာ...နား...။
တင်ဇော်သန့်
1-12-2011



သူငယ်ချင်းများ....သို့

ဟိုလှည့်.....ဒီလှည့်
အချိန်တွေ အကုန်မြန်လိုက်တာ
အတိတ်၊ ပစ္စုပန်နဲ့ အနာဂတ်
အဖြစ်အပျက်တွေ မတူညီပေမယ့်.
အတူရှိခဲ့အချိန်တွေ လွမ်းလိုက်တာ..။

တစ်ယောက်က စိတ်ညစ်တဲ့အခါ
အားမပေးတတ်ပေမယ့်
အားဆေးအဖြစ်သုံးခဲ့တဲ့..အပြုံးတွေ
သဘောထားကွဲလွဲပေမယ့်
ဘယ်တော့မှ လက်တွဲမဖြုတ်တဲ့...သူငယ်ချင်းတွေ..။

လျှောက်ခဲ့ဖူးတဲ့နေရာတွေ...
ထိုင်ခဲ့ဖူးတဲ့ ခုံတန်းရှည်....
ပြန်မရမှန်း သိပေမယ့်..
ဒါတွေအားလုံးမဟုတ်တောင်မှ
တစ်ချို့တစ်ဝက်တော့လေ
မင်း(နင်)တို့အားလုံးနဲ့ ငါ
ပြန်လိုချင်တယ်.....။

မှတ်ချက်...။ ဘ၀မှာ ဆုံခဲ့ဖူးတဲ့ သူငယ်ချင်းများ အားလုံးကို ရည်သန်လျှက်.....။

တင်ဇော်သန့်
1-12-2011

ယမကာ နိဒါန်း

တစ်ခွက် တစ်ဖလားရယ်နဲ့
ယစ်ရွှေရည် အ၀င်ဆိုးတယ် ဗျ
မျှောချမှ ၀င်စတမ်း......။

အမြည်းရယ်စုံ လူစုံတိုင်း
ခေါင်းစဉ်တပ်တယ်
ယမကာ ဘုံဆိုင်လေးကို လ
မြန်းကြွမယ့် .......နန်း...။

အိမ်အပြန်လမ်းမှာ  လ
ကိုယ်....လက်...ခြေ ယိုင်ကာထိုးလို့
ဂန္ဓလရာဇ် သိုင်းကားတွေလို
မူယာဆန် ဟန်တွေပိုလို့...
သိုင်းကွက် ကျ...နင်း...။

မတက်ခင် ဆရာများရယ်ဖြင့်
အတတ်သင် လက်ချာ ရိုက်ချိန်က....
စ...သောက်ခဲ့ခြင်း.....။

တင်ဇော်သန့်
1-12-2011

Tuesday, November 22, 2011

ကဗျာဆရာကျတဲ့မျက်ရည်



အချစ်နဲ.ကဗျာဆရာ
ထိတွေ့တဲ့အချိန်က 
ငှက်ငယ်ရဲ့ လွမ်းတေး
လမ်းဘေးမှာ ကဗျာတစ်ပုဒ်
ဒါတွေက ညာတာမဟုတ်ပါ....။
မင်း အချစ်တွေနဲ့ 
ငါ့ဘ၀ ပေါင်းစပ်ဖို့ 
ခင်းခဲ့တဲ့ ကဗျာတွေ
အဲဒီတုန်းက လတွေလည်း သာလိုက်တာ...။
မကြာလိုက်ပါ
ခဏနားတဲ့ ပြဿဒါးတွေနဲ့
ကြုံလိုက်တဲ့အခါ
ကဗျာဆရာဆိုတဲ့ ဂုဏ်ပုဒ်ကို
ရန်လုပ်တဲ့ အသိုင်းအ၀ိုင်းများကြား
ပြန်ဆုတ်ဖို့မကြိုးစားပေမယ့်
သြော်.......
ကဗျာ ဆရာမှာ မျက်ရည်တွေနဲ့.....။